ကျေးသီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် MEVM (၄၅၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ ကျေးသီးမြို့သို့ ယမန်နေ့ ည (၆:၃၀)နာရီက ရောက်ရှိခဲ့ကြောင်းသိရသည်။