ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် မိုင်းဖြတ်မြို့နယ် မဲရုံများအတွက် မဲပေးစက်များ ထုတ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ မဲရုံများအတွက် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ လာရောက်ထုတ်ယူ၍ သက်ဆိုင်ရာ မဲရုံအရောက် လိုက်ပါပို့ဆောင်လျက်ရှိသည်။