ဆီဆိုင်မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇန ခန်းမ၌ ကျင်းပသည်။