ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံက်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းခတ်မြို့၌ အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ဇာတ်သေး)မှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ မိုင်းခတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီကစတင်၍ မြို့နယ်အားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့သည် ယမန်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမ)ပိုင်းတွင် ပါဝင်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒမဲပေးရမည့် သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိသည်။

နမ့်စန်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများကို မြို့နယ်မှတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို သက်ဆိုင်ရာမဲရုံအသီးသီး၌ ယနေ့နံနက် ၆ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ မဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အပိုင်း(၁)ကို စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ယနေ့ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းစွာမဲပေးလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်