ရှမ်းပြည်နယ်

ကျောက်ကြီးမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက် (၃)လစာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြေညာထားကြောင်း သိရသည်။ 

ဖယ်ခုံမြို့၌ မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖယ်ခုံမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

မိုင်းယုမြို့၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့က မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုင်းယောင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ မဲစာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်းများ တတိယအကြိမ်ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင်လည်းကောင်း ခရိုင်/မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ MEVM မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှလွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို တတိယအကြိမ် ဆက်လက်‌ကြေညာထားလျက်ရှိရာ သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ‌ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်၍ ကြေညာခြင်းမပြုမီ မိုင်းဆတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် စိစစ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Subscribe to ရှမ်းပြည်နယ်