မိုင်းဖြတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြော
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူ့ဘဝအစ ရက်(၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဝမ်ဟွေရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။