ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ပေါ်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်စိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေး
၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်မှန်သောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ပြည်သူများတရားမျှတပြီး လွတ်လပ်စွာမဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိမှသာ မဲပေးပိုင်ခွင့်ရရှိနိုင်ရန်အတွက် နိုဝင်ဘာ (၁၇) ရက် နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။