ကလောမြို့နယ်၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းက ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောကျေးရွာ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။