ရှမ်းပြည်နယ်

တာချီလိတ်မြို့ မိုင်းဖုန်း(က)အုပ်စု၌ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်းအထိမ်းအမှတ် ကျေးရွာမီးဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပိန်းညောင်(၂)ကျေးရွာ၌ ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်းအထိမ်းအမှတ် ကျေးရွာမီးဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ဖိတ်ခေါ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (ယာယီ)ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို မေလ (၁၈) ရက်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂)၊ စံပယ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများ စာအုပ်၊ စာစောင် အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်သို့ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ‌ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များပြုလုပ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုး‌ရေးသုံး အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များ၌ အရည်အသွေးနိမ့် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။

လားရှိုးမြို့တွင် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းသင်တန်း (CEmONC) ပထမအသုတ် ဖွင့်လှစ်သင်ကြားပေး

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ရက်(၁၀၀) စီမံကိန်းပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မိခင်နှင့်မွေးကင်းစကလေးသေဆုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းသင်တန်း (CEmONC) ပထမအသုတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့်ကုသရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုတုတများတိုးပွားလာစေရန် လူငယ်လူရွယ်များအရွယ်တွင် ထိုးထွင်းကြံဆမှုများ တိုးတက်လာစေရန်နှင့် မြန်မာစကားပုံများကို သိရှိနားလည်ကာ အဓိပ္ပာယ်ကို လက်တွေ့နားလည်အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ အချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်