မိုင်းဆတ်မြို့၌ အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric data ကောက်ယူ၍ UID ကတ်များ ထုတ်ပေးခြင်းကို ရပ်ကွက် နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက် နံနက်ပိုင်းက မယ်ဆွမ်မြောက်ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။