ရှမ်းပြည်နယ်

နမ့်စန်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလစဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လစဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်း၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၏ သက်တော် (၇၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ်(တောင်ပိုင်း ) လွိုင်လင်မြို့ သာသနဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၏ သက်တော် (၇၅) နှစ်ပြည့် စိန်ရတုဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်ဓမ္မာရုံကြီးတွင် ကျင်းပသည်။

တာချီလိတ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန် ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ယာယီရုံးဖွင့်လှစ်ထားရှိသည့် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အခမ်းအနားကို ဧပြီ ၂၈ ရက် နံနက်  ၉ နာရီက ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အတွင်းရေးမှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကလောမြို့နယ်၌ တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက်(၁၀၀) ကာကွယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့နယ်၊ လွယ်အံ‌ကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာနှင့် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀) ကာကွယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်တွင် နမ့်လတ်ချောင်းစီးဝင်နေသော နောက်ဆုံးရေငုပ်ဂူအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဆက်လက်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေစီးဝင်သည့် ရေငုပ်ဂူများနှင့် ချောင်းတလျှောက်တွင် သန့်ရှင်းရေး လုပ်ငန်းများကို ဧပြီလ ၂၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်၊ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ  နောက်ဆုံးရေငုပ်ဂူကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ (၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်သို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းနောင်မြို့ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော နွေရာသီရှမ်းစာပေ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းနောင်မြို့တွင် မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများအားလုံးမိမိတို့၏ စာပေ၊ယဥ်ကျေးမှုရိုးရာအမွေအနှစ်များ မပပျောက်အောင်ဆက်လက်ထိန်းသိမ်းလျက် ရှမ်းစာပေ၏တန်ဖိုးကိုမြှင့်တင်ရန်ရည်ရွယ်၍ နွေရာသီရှမ်းစာပေသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

လားရှိုးမြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ပြည်သူများ လွှတ်တော်အတွေ့အကြုံဗဟုသုတရရှိစေရန်ရည်ရွယ်၍  လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်