ရှမ်းပြည်နယ်

ကလောမြို့နယ်၌ တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက်(၁၀၀) ကာကွယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့နယ်၊ လွယ်အံ‌ကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာနှင့် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀) ကာကွယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်တွင် နမ့်လတ်ချောင်းစီးဝင်နေသော နောက်ဆုံးရေငုပ်ဂူအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဆက်လက်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေစီးဝင်သည့် ရေငုပ်ဂူများနှင့် ချောင်းတလျှောက်တွင် သန့်ရှင်းရေး လုပ်ငန်းများကို ဧပြီလ ၂၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်၊ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ  နောက်ဆုံးရေငုပ်ဂူကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ (၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်သို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းနောင်မြို့ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော နွေရာသီရှမ်းစာပေ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းနောင်မြို့တွင် မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများအားလုံးမိမိတို့၏ စာပေ၊ယဥ်ကျေးမှုရိုးရာအမွေအနှစ်များ မပပျောက်အောင်ဆက်လက်ထိန်းသိမ်းလျက် ရှမ်းစာပေ၏တန်ဖိုးကိုမြှင့်တင်ရန်ရည်ရွယ်၍ နွေရာသီရှမ်းစာပေသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

လားရှိုးမြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ပြည်သူများ လွှတ်တော်အတွေ့အကြုံဗဟုသုတရရှိစေရန်ရည်ရွယ်၍  လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကို ဧပြီ ၂၈ ရက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ာ့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု၊ မခေကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခတ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်‌တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြ ပြုလုပ်ဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက မြို့မရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ၌ ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုး စီမံချက်ကွင်းဆင်းဆောင်ရွက်

နိုင်ငံ​တော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုး​ရေး​မွေးမြူ​ရေးနှင့်ဆည်​မြောင်း ဝန်ကြီးဌာန၊ နမ့်စန်ခရိုင်၊ ​မိုးနဲမြို့နယ် မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ​ဒေါက်တာ​အောင်လင်းနှင့်ဝန်ထမ်းများက ဧပြီ ၂၆ ရက်​နေ့နံနက်ပိုင်းက ကွန်နား‌ကျေးရွာအုပ်စု ကွန်နား​ကျေးရွာရှိ ​တစ်နိုင်တစ်ပိုင်မွေးမြူသူ​တောင်သူများအား မွေးမြူရေးဆိုင်ရာအသိပညာပေးခြင်းကို‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်