မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင််ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ အထယုအုပ်စုကျအဖွဲ့(၂)မှ ဘိုးဒေါနကုန်းဘုန်းကြီးကျောင်းတိုက် အဖွဲ့(၃)မှ ညောင်နှစ်ပင်ဘုန်းတော်ကြီးကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။