ရန်ကုန်တိုင်းဒေသကြီး

၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရိသတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “စာဖတ်ဝိုင်းဆွေးနွေးပွဲ" ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ" ပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ဆက်လက်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဘောဂဗေဒအသင်း နာယက၊ စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီူဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မလစ်(အရှေ့)ကျေးရွာအုပ်စု အုတ်ဖိုမဟာစည် သာသနရိပ်သာ၌ ဆောင်ရွက်ခဲ့ကြသည်။

တာမွေမြို့နယ်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အကောင်းဆုံးကျောင်းထူးချွန်ဆုရ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး