လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်များ ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရပ်ကွက်များနှင့် အလယ်ရွာ၊ အပြင်ပဒံကျေးရွာ၊ အတွင်းပဒံကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြသည်။