ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)အခမ်းအနားနှင့် အရှင်ကိန္ဒရာမကျောင်းတိုက်(ဓမ္မဒူတ)ကျောင်းရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်ရှိ ဧကာဒသမအကြိမ် သောတာပန်ဆီအလှူတော်အခမ်းအနားများသို့ တက်ရောက်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) အခမ်းအနားနှင့် အရှင်ကိန္ဒရာမကျောင်းတိုက်(ဓမ္မဒူတ)ကျောင်းရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်တွင် သုဓမ္မာ၊ ရွှေကျင်၊ မူလဒွါရ၊ ဝေဠုဝန် ဂိုဏ်းလေးဂိုဏ်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဧကာဒသမအကြိမ် သောတာပန် ဆီအလှူတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။