မြောက်ဥက္ကလာပမြို့နယ်၌ အသက် (၇၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပုဂ္ဂိုလ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသက် (၇၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။