မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၅/၂၀၂၅)ဖွင့်လှစ်ပို့ချပေး
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၅/၂၀၂၅)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။