ရန်ကုန်တိုင်းဒေသကြီး

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြန်မာ့စီးပွားရေဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို သြဂုတ် ၂နေ့နံနက် ၇ နာရီမှစတင်၍ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံ(၅/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြနီအသင်းခွဲ/တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၅/၂၀၂၅)ဆင်းပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၄ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မှော်ဘီမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်ရွာဝင်လမ်းအား ကွင်းဆင်းတိုင်းတာခြင်းဆောင် ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမြစိမ်းရောင်အတိုးရငွေ(၅၀%)နှင့် ပြည်သူထည့်ဝင်ငွေဖြင့် ရွာတွင်းလမ်း ကွန်ကရစ်ခင်းရန်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဆင်ကူး(သိုက်ကုန်း)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်လျင်မြို့နယ် ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့သစ်ရပ်ကွက်နှင့်သပြေကန်ကျေးရွာတို့ရှိ ကျန်းမာရေးဆေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ကော့မှူးတွင် အမှိုက်များကိုအမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်စေရန်အသိပညာပေး

တွံတေးခရိုင်အမျိုးသမီးရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်စေရန် အသိပညာပေးဟောပြောခြင်းကို ဩဂုတ် ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြော

ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် မြစ်နှစ်သွယ်အထွေထွေရောင်းဝယ်ရေး ဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ "မြစ်နှစ်သွယ်အထွေထွေရောင်းဝယ်ရေး" သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။

တောင်ပိုင်းခရိုင်(၉)မြို့နယ် သုဒ္ဓမ္မာနိကာယဝိနည်းစာပြန်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်(၉)မြို့နယ် (၅၈) ကြိမ်မြောက် ဝိနည်းစာပြန်ပွဲကြီးကို သန်လျင်မြို့နယ်၌ (၉) ကြိမ်မြောက် အောင်မြင်စွာကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကို ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် သန်လျင်မြို့ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့နံနက်ပိုင်းက သဘာဝဘေး အန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ စာဖတ်စွမ်းရည်၊ ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ်လ (၂၀) ရက်နေ့က ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး