ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ပေကုန်းကျေးရွာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

‎ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဆန်၊ ဆီနှင့် အလှူ‌ငွေများ လှူဒါန်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွားများအား ဆန်၊ ဆီနှင့်အလှူငွေများ လှူ ဒါန်းပေးအပ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီ၌ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ပေးအပ်လျက်ရှိသည်။

သာကေတမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၌ ကျောင်းစာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ) တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက်အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ဩဂုတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် (စ) ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့်‌ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားပြုလုပ်

အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးခြင်း လုပ်ငန်းများက ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီ၌ ကစင်ကျေးရွာအုပ်စု၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ရှမ်းချောင်း‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူးရုံးတို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး