ရန်ကုန်တိုင်းဒေသကြီး

တောင်ဥက္ကလာပမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ဩဂုတ်လ(၉)ရက်​နေ့ မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဩဂုတ်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီ ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော အသက်(၁၇)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ အားပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စျေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနုသည် ကွမ်းခြံကုန်းမြို့မစျေးတွင် ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

‎​ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အ.မ.က(ဂွေးပင်)တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က(ဂွေးပင်)ကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုကိုးကျွန်းမူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်လေးများ၏မိဘများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲပြုလုပ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၂၇)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တစုမှူးဒုရဲမှူးအောင်ဇော်ထွန်းဦးစီးအဖွဲ့သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် အမှတ်(၂) ပဲခူးမြစ်ကူးတံတား(ကုလားဝဲ)အနီး ပဲခူးမြစ်လမ်းမကြီးနှင့်ရတနာလမ်းမကြီးတို့တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့တိုင်းရင်းဆေးကုဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

လမ်းမတော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး