ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်သို့ ‌မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် ပင်စင်စားများအား Biometric ကောက်ယူဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် ဩဂုတ် ၂ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပင်စင်စားများအား Biometric‌ ကောက်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။

မှော်ဘီမြို့နယ်၌ မိုးစပါးစိုက်ဧကပြည့်မှီရေး စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီမိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မှီရေးအတွက်၊ မျိုးစေ့ချကိရိယာ (DrumSeeder)ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောခြင်းကို ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာအုပ်စုနှင့် ဆပ်သွားတောကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များတို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ သြဂုတ် ၂ ရက်နေ့ နံနက်(၈)နာရီ၌ အမှတ်(၇)ရပ်ကွက်တွင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်တွင်ပါဝင်သော မြို့နယ်တစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် ရေမိုင်(၂၄၀)ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ နေ့စဉ်ပြေးဆွဲနေသော သင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှ ဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်း(၃)ရက်နေ့တိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲ အဖွဲ့လိုက်အုပ်စုပတ်လည်ပြိုင်ပွဲများဆက်လက် ကျင်းပ

ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲအဖွဲ့လိုက်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိသူများ၊ဌာနဆိုင်ရာများမှအကြီးအကဲများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး