ရန်ကုန်တိုင်းဒေသကြီး

Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီအချိန်တွင် တစ်ပြိုင်နက်ထုတ်ပြန် ကြေညာ‌ပေးလျက်ရှိရာ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေး‌နေမှုအား ကျောင်းသား၊ ကျောင်းသူများ မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာယမန်နေ့ ညနေပိုင်းက ဒါရ်ကာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင်ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက်(၉:၃၀)နာရီအချိန်က ပုသိမ်ညွန့်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အ.ထ.က‌(၃)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အမှတ်(၂) ရပ်ကွက် အခြေခံပညာစာစစ်ဌာနအမှတ်(၁)ကျောင်းနှင့်အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၄)တို့တွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက် (၆) နာရီမှစ၍ တပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၏ စာစစ်ဌာနများဖြစ်သော အ.ထ.က(၁)နှင့် အ.ထ.က(တံတား)စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး