ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နံနက် (၇)နာရီမှ စတင်၍ မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။