ရန်ကုန်တိုင်းဒေသကြီး

အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်း၊ ခရိုင်တရားရုံး၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို‌ တောင်ဘက်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား‌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

စက်မှုဇုန်များတွင် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်‌ နေ့ နံနက် ၉ နာရီ အချိန် စက်မှုဇုန်များတွင် ပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ်  Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး Community Centre ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိမြတ်အောင်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားရာ ကျောင်းပြင်ပပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေး သင်ယူခွင့်ရရှိရန် အခက်အခဲရှိသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်အခြေအနေနှင့် လိုက်လျောညီထွေစွာ စီစဉ်ဆောင်ရွက်ပေးရာတွင် တာဝန်ရှိသူများနှင့် စေတနာရှင်များ၏ အကူအညီဖြင့် သတ်မှတ်လျာထားသည့် ကာလတစ်ခုအတွင်း ရည်ရွယ်ချက်ပြည့်အောင် ပို့ချပေးသည့် ပညာရေးစနစ်ဖြစ်ကြောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးအစီအစဉ်တွင် ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့်စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းကြသည့် ပညာရေးစေတနာရှင် အလှူရှင်များကို များစွာကျေးဇူးတင်ရှိပါကြောင်း စသည်တို့ကို ပြောကြားသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး