ရန်ကုန်တိုင်းဒေသကြီး

ကျောက်တန်းမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်၌ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ​​၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။

သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၀)ရက်နေ့က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

တံတားမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်နှံကြသော နိုင်ငံ့၀န်ထမ်းအငြိမ်းစားများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယနေ့က နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ၁/အနော်မာရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၁ဝ/တောင်ရပ်ကွက်များသို့ အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စုရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား (UID Unique Identity) ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ​မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိ​ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းအပတ်စဉ် (၃) သင်တန်းပို့ချလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အပတ်စဉ်(၃)သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆုတောင်းပြည့်မယ်လမုစေတီသာသနာ့ဗိမာန်သုံးထပ်ဆောင်၌ ဆက်လက်ပို့ချပေးလျက်ရှိသည်။

ခရမ်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၃) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၃)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၆)မူလွန်ကျောင်းတွင် ဆောင်ရွက်‌ခဲ့‌ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး