ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း သင်ကြားနေမှုများအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများအား ကြည့်ရှုအားပေးသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ဖြည့်စွက်စာ‌ကျွေးခြင်း အကျိုးကျေးဇူးများ အသိပညာပေးဟောပြောခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေသခံပြည်သူများအနေဖြင့် အစာအာဟာရမျှတစွာစာသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း အထောက်အကူရရှိစေရန်အတွက် ဖြည့်စွက်စာစားသုံးခြင်းအကျိုးကျေးဇူးများအကြောင်း ‌အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန်ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေဘုံဦး ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီအချိန်က တွံတေးမြို့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက် အနောက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်တွင် မှော်ဘီ(၁)ရပ်ကွက် အနောက် အခြေခံပညာမှုလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ် အမှတ်(၈)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့ယဥ်‌ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှား‌သောအယူအဆများမရှိ‌စေရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း၏ကြီးကြပ်မှုဖြင့် အမှတ်(၈)အ‌ခြေခံပညာအထက်တန်းကျောင်း ဧဝရတ်ခန်းမတွင် မြန်မာ့ယဥ်‌ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှား‌သောအယူအဆများမရှိ‌စေရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး