ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စပယ်ဖြူခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အထက(၂) ပညာရတနာခန်းမတွင် မြန်မာအီလက်ထရေနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မြို့မ‌ဈေးကြီးအတွင်း ဈေး‌ရောင်းချသူများ စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့မဈေးဘယ်ဘက်ခြမ်းရှိ ဈေးဆိုင်များ‌နှင့် ပျံကျဈေးတန်းတွင် ရောင်းချသော ဈေးဆိုင်များ ဈေးစည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ယ‌မန်နေ့နံနက်က စည်းကမ်းထိန်းသိမ်း‌ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေ‌ရေး ယာဉ်လမ်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့တွင် ကျောင်းသား၊‌ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု (၅၇)မှ တပ်ဖွဲ့စုမှူး ရဲအုပ်အောင်မျိုးကျော် ဦးဆောင်လမ်းညွှန်မှုဖြင့် ယာဥ်ထိန်းတပ်ဖွဲ့၀င်များက တွံတေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ယာဉ်လမ်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရွှေရန်ကုန် စက်တပ်ရေယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆိပ်ကြီးနှင့်ကီလီ(ဝါးတန်း) ဆိပ်ကမ်းသို့ မောင်းနှင်ပြေးဆွဲလျက်ရှိသည့် ရွှေရန်ကုန်စက်တပ်ရေယာဥ်ငယ်(သမ္ဗန်)လိုင်း ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်၊ မြို့ဦးကျောင်းတိုက်ရှိ ဓမ္မဗိမာန်တော်အတွင်းတွင် ပြုလုပ်ခဲ့သည်။

စင်ကာပူ တာတိုဖလား ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု၊ ‌ငွေတစ်ခု၊‌ ကြေးသုံးခုရရှိ

စင်ကာပူနိုင်ငံ၌ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး/ ကယက် လှေလှော်ပြိုင်ပွဲ(2025 Singapore Sprint Cup)တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး/ကယက် လှေလှော်အားကစားအဖွဲ့‌သည်‌ ရွှေသုံးခု၊ ‌ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ ကြောင်း သိရသည်။

တာမွေမြို့နယ် ဂီတအစည်းအရုံး အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဂီတအစည်းအရုံး အမှုဆောင်ကော်မတီ (၃/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၂ ရက်မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် ကာယဗလနှင့် ကာယကြံ့ခိုင်မှု မောင်/မယ် လူရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု မောင်/မယ် လူရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး