၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း ကျင်းပ
အင်းစိန် ဇူလိုင် ၁၃
၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းတို့ကို ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တောင်သူ ဦးအောင်လွင်၏ စံပြစိုက်ကွက်တွင် ဆောင်ရွက်ကြသည်။