လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။