ရန်ကုန်တိုင်းဒေသကြီး

တာမွေမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာသိန်းလွင်ရေးသားသော ကိုယ်ကျင့်တရားနှင့်ဘဝအောင်မြင်ရေး အလေ့အကျင့်များစာအုပ်ဖြင့် ဇူလိုင်လ ၈ ရက်နေ့ည‌နေကလူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်း​ကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိ‌သောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးခြင်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သီလခံယူပွဲများ၊နေ့အထူးတရားပွဲနှင့်စည်းကား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော်စေတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ သီလပေးတရား၊ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် အထူးတရားပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် ၉၉ ပါးအား မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် အရှင်သူမြတ် ၉၉ ပါးအား မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီက အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

သန်လျင်မြို့နယ်ရပ်ကွက်၊ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အမှုထမ်းရပ်ကွက်နှင့်ကွက်သစ်(၁) မြယာရိုး( ၁၄) လမ်းတို့၌ အဖွဲ့များခွဲ၍ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ်အတွင်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်စာရင်းထွက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ တစ်နိုင်ငံလုံးရှိ စာဖြေဆိုခဲ့သော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာန (၂၀၆ )ဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၇)ခုတို့၌ ပထမကြီးပထမလတ်/ ပထမငယ်/ အခြေပြုမူလတန်းတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်း သံဃာ / သီလရှင် စုစုပေါင်း ( ၆၂၅၇၂ ) ပါးတို့အနက် ဖြေဆိုသံဃာ (၄၆၄၁၄)ပါးတို့ ဖြေဆိုတော်မူရာ (၁၄၃၄၈) ပါး ဖြေဆိုအောင်မြင်တော်မူကြရာ ရာခိုင်နှုန်းအားဖြင့်  ၃၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် (၇၈) နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့အကြောင်း ဟောပြောပွဲနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး