ဒဂုံမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဈေးသည်များ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အမှိုက်အမျိုးအစားများ ခွဲခြား၍ စွန့်ပစ်ရန်အမှိုက်ပုံးများ ထားရှိပေး
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံ (အနောက်ဖက်မုခ်)၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၀င်ပေါက်များရှေ့နှင့် မြေအောက်လူကူးလမ်း (under pass)အနီးတွင် လမ်းဘေးဈေးသည်များ စနစ်တကျဈေးရောင်းချခြင်းကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် ဒဂုံမြို့နယ်အတွင်းရှိ ပန်းခြံများ၊ ကျောင်းများတွင် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများထားရှိမှုကို ဇူလိုင် ၆ ရက်နေ့ နံနက် (၁၁) နာရီမှ (၅) နာရီ မိနစ် ၅၀ အချိန်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။