ရန်ကုန်တိုင်းဒေသကြီး

၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှုသရုပ်ပြခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း ကျင်းပ

၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံကျေးရွာအုပ်စု၊ တောင်သူ ဦးတင်လှ၏ လယ်မြေ (၁၀)ဧကတွင် ဆောင်ရွက်ကြသည်။

ဒဂုံမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ဒဂုံမြို့နယ်ပြည်လမ်းအနောက်ရပ်ကွက် ကင်း၀န် မင်းကြီးလမ်းတွင် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်း‌ရေးနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီမှ (၁၀)နာရီအထိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ​စောရန်ပိုင်တောင်​​ရပ်ကွက်ရှိ ငုဝါလမ်း၊စျေးလမ်းနှင့် ရဲလိုင်းခန်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းခရိုင်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကျောက်တော်ကြီး ဘုရားသုံးဆူပရိယတ္တိစာသင်တိုက်နှင့် နှင်းဆီကုန်းဘူတာအနီးတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျောင်းအ‌ခြေပြုမှသည် ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေး၊ အာဟာရဖွံ့ဖြိုးရေး အစားအစာအန္တရာယ် ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးတို့အတွက်  ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းအချိန်က လှည်းကူးမြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ တာမွေလေးဂုံးကျော်တံတားအနီး တာမွေဘူတာရပ်ဝန်းမှ မေတ္တာညွန့်ဘူတာရပ်ဝန်းအတွင်း ရထားလမ်းမိုင်တိုင် (၃/၄-၅) ကြားနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နည်း သရုပ်ပြခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၂)နာရီက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၃၉၉ လျာထားစိုက်ပျိုးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး(၁၃၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး