ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့ ရေနံအခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဇူလိုင် ၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရေနံအခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါးတို့အား တတိယအကြိမ်မြောက် ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ ဝဇိရသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၂၉)ရက်နေ့က ကျေးဇူးတော်ရှင် ရွာမဆရာတော်ဘုရားကြီးနှင့် အောင်ဆန်းတောရတပ်ဦး ဆရာတော်ဘုရားကြီး(၂)ပါးတို့အား အာစရိယပူဇာကန်တော့ မင်္ဂလာနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရမှ ဆက်ကပ်အပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါးတို့အား တတိယအကြိမ်မြောက် ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ မိုးစပါး (၅၉၅၀၂)ဧက ပြည့်မီရေးအတွက် စတင်စိုက်ပျိုးလျက်ရှိ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ယခုနှစ်မိုးပါးစိုက်ပျိုးရာသီတွင် တောင်သူများ သတ်မှတ်ဧက ပြည့်မီရေးအတွက် စတင်စိုက်ပျိုးလျက်ရှိသည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဇွန် (၃၀) ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ကမာရွတ်မြို့နယ်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ခကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (P-fizer)ကို ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၂) ရပ်ကွက်၊ သရက်တောကျောင်းတိုက်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ Altai State Pedagogical University မှ ဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များ ဥပဒေနှင့်အညီရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(၃)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်  ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်နှင့် နေအိမ်အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး