ရန်ကုန်တိုင်းဒေသကြီး

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center for Tourism Development – CTD)တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပသော သတင်းမီဒီယာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၂၇)ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ဆက်လက်ထိုးနှံပေး

အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘုရားကုန်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ၃-၇-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ကော့မှူးတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က မကျီးကန်ကျေးရွာရှိ တောင်သူ ဦးချစ်ဦးပိုင် လယ်မြေ(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ပို့ချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန် တံတားကြီးရပ်ကွက်၊ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး