ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ သစ်ပင်စိုက်ပျိုး​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မူဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ၏ သံယံဇာတသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းကျင်းပသော သစ်ပင်စိုက်ပျိုး​ရေးဆိုင်ရာအသိပညာ​ပေးဟော​ပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ​ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊​ ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ်၊ အလဘုတ်ကျေးရွာ၌ ကျင်းပသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မျက်စိဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊‌ မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မျက်စိဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၃)ရပ်ကွက်၊ ဓမ္မိကာရုံကျောင်း မေတ္တာအလင်းရောင်ဆေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကျင်းပ

စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသောက်ကုန်နှင့် လယ်ယာသုံးပစ္စည်းများ၊ ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများကို တစ်နေရာထဲတွင် ကြည်ရှုလေ့လာနိုင်မည့် စိုက်ပျိုးရေးနှင့်နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ  YCC တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်လေ့လာခဲ့ကြသည်။

တာမွေမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်လာပါက ထိခိုက်နစ်နာဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအ​ခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ‌ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငမိုးရိပ်ရေထိန်းတံခါး၌ ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာအုပ်စု တော်ခရမ်းလေးကျေးရွာမှ ဒေသခံပြည်သူများကို ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တောင်ပေါ်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် အ.လ.က (၁၁) ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၁၁) တွင် ကျင်းပပြုလုပ်သည်။

တာမွေမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လာပါက ထိခိုက်နစ်နာဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး