ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းအနီး၌ ကျင်းပသည်။

လမ်းမတော်မြို့နယ် အ.လ.က (၁) ကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးမှုနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က အ.လ.က(၁)လမ်းမတော် မြမာလာခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်သိဒ္ဓိ)ရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့်​ ဆေးဝါးများ ကုသပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အိုးဖိုအနောက်ရပ်ကွက်ရှိ အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မိုးတွင်းကာလဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အထွေထွေဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉း၀၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း “နတ်ရှင်နောင်” ခန်းမ၌ကျင်းပရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ဦးရွှေမန်း)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သန်လျင်မြို့ ကလေးစာဖတ်ခန်းမ၌ ပုံပြင်ပြောပွဲနှင့် ပြတိုက်ငယ် (Mini Museum) အား လေ့လာကြည့်ရှု

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မူးယစ်ဆေးဝါးများအန္တရာယ် ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်သွားရန် ရည်ရွယ်၍ ကမာရွတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာန (Community Center) တွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် မိုးစပါးအပြည့်အဝစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍရည်မှန်းချက်များ အောင်မြင်စေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးအပြည့်အဝစိုက်ပျိုးရေး၊ လယ်ယာကဏ္ဍရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိုးစပါးစိုက်ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ ရွှေခေတ်သစ်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး