ရန်ကုန်တိုင်းဒေသကြီး

တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နေ့နံနက် (၉) နာရီတွင် အ.ထ.က (ခွဲ) တမံကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပသည်။

(၂၃) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကျင်းပ

(၂၃) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေး(THE 23rd ASEAN FOOD SECURITY INFORMATION SYSTEM (AFSIS) Focal Point Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား အိမ်တိုင်ရာရောက် လိုက်လံချီးမြှင့်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလိုငှာသာသနာတော်တွင် ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ အခမ်းအနားသို့ ကျန်းမာရေးအရ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်အား ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား ကာယကံရှင်နေအိမ်သို့ သွားရောက်ချီးမြှင့်အပ်နှင်းသည်။

ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေးဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံ(အပေါ်ထပ်)တွင် ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက (ခ)ရပ်ကွက်၊ လူထုဓမ္မာရုံခြံ၀င်းအတွင်းရှိ မြရတနာအလင်းစာကြည့်တိုက်သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများ ထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး