ရန်ကုန်တိုင်းဒေသကြီး

တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အခြေခံပညာကျောင်း မုန့်ဈေးတန်းတွင် ဈေးရောင်းချနေသူများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးခြင်းများဆောင်ရွက်

ကျောင်းသား/ကျောင်းသူများ အာဟာရပြည့်ဝသော အစာအာဟာရ ရရှိစေရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေး‌ရောင်းချနေသော မုန့်ဈေးသည်များကို ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က စက်ဆန်းရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ပညာရေးကော်မတီက ကြီးမှူးကျင်းပသည့် “လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ဈေးများ၌ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ ထားရှိမှုနှင့် အမှတ် (၄) လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဈေးများ၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ ထားရှိမှုနှင့် အမှတ် (၄) လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID- 19) ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြNFသူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်ရှိ​ ကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု့လာစေရန် စာပေဖတ်ရှု့ခြင်းအလေ့အထတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးသည်။

ရန်ကင်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး အသိပေးကြေညာချက်ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

သာကေတမြို့နယ်တွင် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှပြင်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် women Club အဖွဲ့နှင့်ပူးပေါင်း၍ အမျိုးသမီးများတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်အတွက် လစဥ်မပြတ်အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီတွင် မြို့နယ်အမျိုးသမီးများအသင်း (Women Club) အဖွဲ့နှင့် လူမှုကူညီရေး (အလင်းရောင်) အသင်းတို့ပူးပေါင်း၍ အလှပြင်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး