မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အ‌သွေးမြှင့်သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ် ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး နယ်မြေဒေသအလိုက် ငရုတ်သီးနှံများ  စိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၃)အတွင်းရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံ ၃၀  ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်း(Main Course) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေကြီး ဝန်ကြီးချုပ် နွေစပါးစိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီရောင်းချနေမှုနှင့် သဘာဝမြေဩဇာနှင့်ဓာတ်မြေသြဇာ‌ရောစပ်ကြဲပက်ပွဲအခမ်းအနား တက်ရောက်

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်း ၅၇၀ (ခ)ရှိအဆင့်မြင့်လယ်ယာ ဧက ၁၅၀ စိုက်ကွင်းရှင်းလင်းဆောင်၌ ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပူးပေါင်း၍ အမရပူရခရိုင်/အမရပူရမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန်ရန်ကျန်ရှိသော စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက်စက်သုံးဆီဖြန့်ဖြူးရောင်းချပွဲနှင့် သဘာတမြေဩဇာနှင့်ဓာတ်‌‌မြေသြဇာ‌ ရောစပ်ကြဲပက်ပွဲအခမ်းအနားကျင်းပသည်။

‎မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ကွင်းဆင်းစစ်ဆေး‎

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းရှိ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း 191 report application အသုံးပြုခြင်း၊ ရှင်းပြပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သည်။

ရတနာပုံတက္ကသိုလ်၌ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှ ကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအိအိစိုးမင်းနှင့် သင်တန်းပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများ ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများ ပိန္နဲသီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားရင်ပြင်တော်ပေါ်၌ ဆွမ်း၊ ပန်း၊ ရေချမ်းကပ် လှူခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မြို့ပေါ်စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်၊ ပဲ၊ ပဲဆီများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ နှစ်ဦးကုသိုလ်ပြုလုပ်သူများ၊ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့်အဖွဲ့ဝင်များသည် ဗူးဘုရားရင်ပြင်တော်ပေါ် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆီမီး၊ ဆွမ်း၊ ပန်းကပ်လှူခြင်း၊ စာချ၊ စာသင်တိုက်ကြီးများတွင် ဆွမ်းဆန်၊ ပဲဝါနှင့် ပဲဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဈေးကောင်းရကာစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း လက်ပံခြေပေါ်ကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးအောင်ဌေးထံက သိရသည်။

ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာ၌ စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း ၄၄၂၀၆ ဧက လျာထား စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေကုန်းကျေးရွာ၌ စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး