မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများ စည်ကား
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ နယ်ဝေးနယ်နီးမှ ဘုရားဖူးလာရောက်ဖူးမြော်ကြည်ညိုကြသူများ၊ ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ စည်ကားများပြားလျက်ရှိသည်။