မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန် အကျနေ့ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူများဖြင့် ပျော်ရွှင်စွာရေကစား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်သည့် ယမန်နေ့နံနက် ၈ နာရီခွဲမှ စတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် စတုဒိသာကျွေးမဏ္ဍပ်များတွင်လည်း စတုဒိသာကျွေးမွေးသူ၊ ရေကစားသူ၊ သနပ်ခါးမဏ္ဍပ်တွင် နံ့သာသွေးလိမ်းသူ၊ အလှဓာတ်ပုံရိုက်ကူးသူ၊ နွားလှည်းစီး၍ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင် မဟာသင်္ကြန် အကျနေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကျနေ့ဖြစ်သည့် ဧပြီ ၁၄ ရက်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေပက် ကစားလျက်ရှိကြပြီး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

မတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၃၈၇ ခု မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ဗိုလ်တေဇပန်းခြံ‌ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

‎မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

‎မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကျနေ့ကို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ဧပြီလ ၁၃ ရက်နေ့သင်္ကြန်အကြိုနေ့မှစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယနေ့အကျနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များ ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက ကျုံးပတ်လည်မဏ္ဍပ်များသို့ လမ်းလျှောက်အတာသင်္ကြန်ပီသစွာ စတုဒီသာမဏ္ဍပ်များကို လှည့်လည်ကြည့်ရှု၍ အများပြည်သူများနှင့် ရင်းရင်းနှီးနှီးအတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့သည်။

တောင်သာမြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့၌ ဧပြီ ၁၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကြောင်း သိရသည်။

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေငါးနာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင် မဟာသင်္ကြန်အကျနေ့ ပြည်သူများ ပျော်ရွှင်စွာရေကစား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ပြည်သူများ ပျော်ရွှင်စွာရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း ရေပက်ကစားကြသူများ စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

မင်္ဂလာမန္တလေးမဏ္ဍပ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့သစ် ၂ ရပ်ကွက်ရှိ မင်္ဂလာမန္တလေးအ​ရှေ့တွင် ကျင်းပသည်။ သင်္ကြန်ပွဲတော်အတွင်း Kenbo EV ဆိုင်ကယ် (၁၀) စီးကို အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြားလူငယ်  ၁၀၀၀ ကျော်အား မဲဖောက်ပေးခဲ့ပြီး နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ထက်ယံ၊ Ar-T တို့နှင့်အတူ အခြားတေးသံရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအက အဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည်မြို့၌ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ စောင့်ထိန်းသူများနှင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် မဟာသင်္ကြန်ကာလအကြိုနေ့၌ စတုဒီသာကျွေးကုသိုလ်ယူသူများ၊ ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်းနှင့် ယနေ့နက် (၈) နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက်၊ သရက်ခြံဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး