ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၉၄ ဒဿမ ၉၅ ရာခိုင်နှုန်းဖြေဆို
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစရျ် အကြောင်းအမျိုးမျိူးတို့ကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်)စာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ယနေ့ဇွန် ၁၆ ရက်နေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄ ဒဿမ ၉၅ ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။