မန္တလေးတိုင်းဒေသကြီး

မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြောပွဲ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဇေယျာအောင်သံအစည်းအဝေးခန်းမတွင်   ဇွန်လ ဒုတိယပတ်က ကျင်းပသည်။

မလှိုင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲ စတင်ဖြေဆို

မိတ္ထီလာခရိုင်၊ မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှစ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသို့ မြို့နယ်သမဝါယမအသင်းစု(၇၅)စုတို့က ဝင်ငွေကြေညာလွှာများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၌မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းဒေသကြီးလူငယ်ကြက်ခြေနီဖိုရမ် ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)ရှိ ရတနာပုံခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းဒေသကြီးလူငယ်ကြက်ခြေနီဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်တက်ရောက်ခဲ့သည်။

ကျောက်ဆည်ခရိုင်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအား အရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဥပဒေရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် ဥပဒေအရာရှိ ဦးနန္ဒာအောင်နှင့် ခရိုင်အတွင်းရှိ ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ရက် (၁၀၀) စီမံချက် VDP ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှမ်းတောင်ဦးကျေးရွာ၌ ရက် ၁၀၀ စီမံချက် VDP ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းများအား ယမန်နေ့မွန်လွဲပိုင်းက တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့၀င် ဦးမျိုးမြင့်‌အောင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် အဖွဲ့၀င်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့်အဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများ၊ အိမ်ခြံမြေ အကျိုးဆောင် အဖွဲ့များတို့နှင့် တွေ့ဆုံပွဲ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့နယ်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ကြသည်။

ပျော်ဘွယ်မြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းကလည်း  အစုအဖွဲ့များခွဲ၍ ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် (၁၈)ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါးဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ‌(၁၈)ရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီက စတင်၍ တစ်ပြိုင်နက်တည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါးဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

မန္တလေးပညာရေးဒီဂရီကောလိပ်တွင် တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ချက်အနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ( ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး