မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းမုန့်စျေးတန်း စစ်ဆေးခြင်းများဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းများ စစ်ဆေးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန်  ၃၄ စင်တီမီတာအလိုရောက်ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲက တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၃၄ စင်တီမီတာခန့် ၁ ပေခန့်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။

မြစ်သားမြို့နယ်၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာ၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများ ထန်းလျှက်ဈေးတက်လာပြီး တစ်ပိဿာ ၆၀၀၀ ကျပ် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများ ထန်းလျှက် တစ်ပိဿာ  ၆၀၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေရပြီး ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်မှု မနှစ်ကထက်ပိုများခဲ့ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ တောင်ထန်းသူ ဦးကျော်စိုးကပြောကြားခဲ့သည်။

စာဖတ်ရှိန်မြှင့်မားလာစေရန် ပြည်ကြီးတံခွန်မြို့နယ်အတွင်းတွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူ ဌားရမ်းဖတ်ရှုနိုင်စေရန် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

မြစ်သားမြို့နယ်တွင် အိမ်သုံးပစ္စည်းများကို သွပ်ပြားဖြင့် ပြုလုပ်ရောင်းချပြီး စီးပွားရေး အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ အိမ်သုံးပစ္စည်းများကို သွပ်ပြားဖြင့် ပြုလုပ်ရောင်းချခြင်းကို ဒေသအနှံ့ တင်ပို့လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအားဖူးမြော်ကြည်ညို

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာဘုရားကြီး၊ ထီလိုမင်းလိုဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် အမေရိကန်ဒေါ်လာ ၈၂၀၀၀ ခန့်တန်ဖိုးရှိ ဆိုလာမီးတိုင်အစုံ ၃၀၀ လှူဒါန်း

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ China Foundation for Peace and Development  နှင့် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းတို့ ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီးအတွက် အမေရိကန်ဒေါ်လာ ၈၂၀၀၀ ခန့်တန်ဖိုးရှိ ဆိုလာမီးတိုင် အစုံ(၃၀၀)  လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ပရိဝုဏ်အပြင်ဘက် ချူအင်လိုင်းတန်စောင်း အခမဲ့တည်းခိုဆောင်အမှတ်(၃)တွင်ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ကျောက်ပန်းတောင်းမြို့နယ် စပါးစိုက်တောင်သူများအတွက် မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများပေးအပ်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ က ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက် ထားသည့် ပဲစဉ်းငုံစိုက်ခင်းများအားကြည့်ရှုအားပေးကာ စပါးစိုက်တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲသို့ တက်ရောက်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး