မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊   မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့်  မြို့နယ်သမ ဝါယမအသင်းစုပိုင်‌ငွေဖြင့် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊  အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများစိုက်ပျိုးထားသော မိုးကြိုဝါစိုက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန် နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်‌မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃၁) အခြေခံပညာအထက်တန်း‌ကျောင်း အောင်မေတ္တာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေး ထောက်ပံ့ခြင်းနှင့် ၅ နှစ်အောက်ကလေးများအား  VITAMAN A အားဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ်၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေး ထောက်ပံ့ခြင်နှင့် ၅ နှစ်အောက်ကလေးများအား VITAMIN A ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက် (၉) နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဈေးကွက်တွင်းရောက်ရှိနေသည့် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရောက်ရှိနေသည့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေးစဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ဈေးဆိုင်များနှင့်လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ခြင်း၏အကျိုး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ မိုးကြိုဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဖက်ကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကသွားရောက်ကာ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်တော်ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်ပျက်စီးနေသည့် မြောင်းဘောင်များအား ကျောက်သားဆလံစီခြင်းများ ပြုလုပ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဒေသခံတောင်သူများ ကုန်ထုတ်ရာ၌ အဆင်ပြေစေရေး၊ မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သီးနှံမျိုးစုံ(၆၈၈၂)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး တောင်တော် ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်၌ ပျက်စီးနေသည့်မြောင်းဘောင်များအား ကျောက်သားဆလံစီးခြင်းလုပ်ငန်းများဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး