မန္တလေးတိုင်းဒေသကြီး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအားဘက်စုံထူးချွန်ထက်မြက်စေရေးတို့အတွက် ဝန်ထမ်းစွမ်းရည်မြှင့်တင်သင်တန်းများ စဉ်ဆက်မပြက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခမ်းအနားမှူးသင်တန်းကို ဇွန် ၈ ရက်နေ့မှ စတင်ကာဖွင့်လှစ်ခဲ့ပြီး ဇွန် ၁၀ ရက်နေ့မွန်းလွဲပိုင်းက အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲကို တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်းဖွင့်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်း၌ ဇွန် ၁၂ ရက်၊ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ သည်။

မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများတွေ့ဆုံပွဲကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမဆောင်၌ ဇွန် ၁၁ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသအတွင်းရှိ ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိသော ရှေးဟောင်းအဆောက်အအုံများအား အသေးစိတ် မှတ်တမ်းပြုစုခြင်းလုပ်ငန်းအဖြစ် ငဖုန်းသင်ယောင်ဂူ (ရှေးဟောင်းအဆောက်အအုံအမှတ်-၁၅၃၆) ဘုရားအား ဆောင်ရွက်လျက်ရှိ

ကမ္ဘာ့အမွေအနှစ်ပုဂံဒေသရှိ နံရံဆေးရေးပန်းချီများသည် မသမာသူများ၏ ခိုးယူမှုခံရခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ လူတို့၏ ဖျက်ဆီးမှုခံရခြင်းနှင့် အခြားဘေးအန္တရာယ်တို့ကြောင့် ပျက်စီးမှုများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံကသရသည်။

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

၂၀၂၆ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိ ပညာပေးဆွေးနွေးပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Swallow Hotel တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းကော်မတီ (၈) ရပ်မှ အတွင်းရေးမှူးများ၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ၊ စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာများ တက်ရောက်ကြသည်။

ဗထူးမိုးလုံလေလုံအားကစားရုံ၌ မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ် အသက် ၂၂ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံ အားကစားရုံ၌ ဇွန် ၁၁ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အခမ်းအနားကျင်းပ

 ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မန္တလေးမှကြီးမှူး ကျင်းပသော ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကိုမန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန Football For  School  Program Launching  Ceremony တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီက ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံပညာဦးစီးဌာန Football For School Program Launching Ceremony တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

‎မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား ‎လိုက်လံစစ်ဆေး

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး