မန္တလေးတိုင်းဒေသကြီး

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ပရိယတ္တိသာသနဟိတဓမ္မာစရိယဝဋံသကာဘွဲ့ရနှင့် သာသနဓဇဓမ္မာစရိယ(အဂ္ဂမဟာအကျော်) အထူးအောင်သံဃာတော်များကို ရွှေတံဆိပ်နှင့် စာအောင် ဂုဏ်ပြုလှူဒါန်းပူဇော်ပွဲအခမ်းအနား ကျင်းပ

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ ၂၀၂၅ ခုနှစ် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းစာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ပြီး  ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရနှင့် သာသနဓဇဓမ္မာစရိယ(အဂ္ဂမဟာအကျော်)အထူးအောင် သံဃာတော်များ အား ရွှေတံဆိပ်နှင့် စာအောင်ဂုဏ်ပြုလှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁၇)ရက်နေ့နံနက်ပိုင်းက  မစိုးရိမ်တိုက်သစ်ရှိ ဓမ္မထေရိယသီရိရွှေစင်ကျောင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်၊ ဓမ္မထေရိယသီရိရွှေစင်ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုပြီး  မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ (10-Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ဦးပိုင်အမှတ် ၂၀၊ ကွင်းအမှတ် ၈၅၅ ရှိ တောင်သူ ဦးချစ်လှိုင်၏ စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှု လယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ  ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ပခမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (၆၇) တောင်သူ ဦးစိုးညွန့်၏ လယ်မြေ (၁၀.၀)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မနောသုခစပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က စံပြကွက်စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဆက်လက်သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက ရန်အောင်မြင်ရပ်ကွက် မြို့နယ်ခန်းမအတွင်း၌ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

သာစည်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ‌ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဝတ်မှုံအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အ.မ.က (၃) ကျောင်းရှိ ပျိုရွယ်သူကျန်းမာရေးနှင့် သန့်လေးသန့်အကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစသည့်ကျန်းမာရေး အသိပညာ‌ပေးဟောပြောခြင်း၊ မူလတန်းကလေးများအား စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့သင်  ကြားပေးခြင်း၊ မျက်စိအမြင်ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပေးခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမားရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပေးသည်။

မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်များ ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်သုတရသစာအုပ်များ ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

သာစည်မြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်အတွင်းရှိ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးရောင်းချမှု ရှိ/မရှိ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ‌ကို ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ ကဗျာဆရာဝေးရင့်သီက အမှတ်ပေး စည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပရာ  အ-ထ-က၊ အ-လ-ကနှင့်အ-မ-က ကျောင်း(၁၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၈)တို့က အာဇာနည်အငွေ့အသက်ပါသော စိတ်ကြိုက်ကဗျာများ ဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည်။

မြင်းခြံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး