ပျော်ဘွယ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ကာကွယ်နှိမ်နင်း
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ ကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဇူလိုင်၁၅ရက် နံနက် ၉နာရီက ကျောက်ချပ်ကျေးရွာတွင်ပြုလုပ် သည်။