ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၂၉ စင်တီမီတာခန့်လို
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၁ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၂၉ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။